ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ဒရုန်းများက ဘယ်လို ပြောင်းလဲပေးနေသလဲ?
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့တိုးတက်မှုကို သိရှိရန် မြေပြင်ပေါ်တွင် လမ်းလျှောက်စစ်ဆေးခြင်း၊ ကရိန်းကြီးများပေါ်မှ အန္တရာယ်များစွာဖြင့် ကြည့်ရှုခြင်း၊ သို့မဟုတ် စရိတ်ကြီးသည့် ရဟတ်ယာဉ်များ ငှားရမ်းခြင်းတို့သာ ရှိခဲ့ပါတယ်။ ဒါပေမယ်ြ ယနေ့ခေတ်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။
လက်တစ်ဝါးစာအရွယ်မှသည် ပိုကြီးမားသော အရွယ်အစားအထိရှိသည့် ဒရုန်း (Drones) များဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များရဲ့ကောင်းကင်ကို ပိုင်စိုးထားပြီး၊ ယခင်က
မဖြစ်နိုင်ခဲ့သော အချက်အလက်တိကျမှု၊ ဘေးကင်းလုံခြုံမှုနှင့် ကုန်ထုတ်စွမ်းအားတို့ကို ယူဆောင်လာပေးလျက်ရှိနေပြီဖြစ်ပါတယ်။
ဒရုန်းဆိုတာ ရိုးရိုးကစားစရာတစ်ခု မဟုတ်တော့
ဆောက်လုပ်ရေးလုပ်ငန်းသုံး ဒရုန်းများဟာ သာမန်ကစားစရာများမဟုတ်ဘဲ၊ အောက်ပါကဲ့သို့သော အဆင့်မြင့်နည်းပညာတွေ တပ်ဆင်ထားတဲ့ ပရော်ဖက်ရှင်နယ်သုံး ကိရိယာများ ဖြစ်နေပြီဖြစ်ပါတယ်။
High-Resolution Cameras - 4K ဗီဒီယိုများ၊ အလွန်ကြည်လင်ပြတ်သားသော ဓာတ်ပုံများ ရိုက်ကူးနိုင်သည့် ကင်မရာများ။
Thermal Sensors (အပူလှိုင်းအာရုံခံခြင်း) - အဆောက်အအုံရဲ့ မည်သည့်နေရာတွင် အပူစွမ်းအင်ဆုံးရှုံးနေသည်၊ ရေစိမ့်ဝင်နေသည်၊ လျှပ်စစ်လိုင်းများ အပူလွန်ကဲနေသည်ကို ရှာဖွေပေးနိုင်သော အာရုံခံကိရိယာများ။
LiDAR (Light Detection and Ranging): လေဆာရောင်ခြည်များ ပစ်လွှတ်ပြီး ပြန်လာသည့်အချိန်ကို တွက်ချက်ကာ အလွန်တိကျသော 3D မြေမျက်နှာသွင်ပြင် မြေပုံ (Topographic Map) များကို စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်သည့် နည်းပညာ။
GPS & Geotagging - ရိုက်ကူးလိုက်သော ဓာတ်ပုံ၊ ဗီဒီယိုတိုင်းတွင် တည်နေရာအတိအကျကို မှတ်သားပေးသည့်စနစ်။
ဆောက်လုပ်ရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ဒရုန်းများရဲ့ အသုံးဝင်ပုံများ
စီမံကိန်း မစတင်မီ (Pre-Construction Phase)အဆင့်
မြေနေရာတိုင်းတာခြင်း (Land Surveying) - ယခင်က လူအင်အား၊ အချိန်အများကြီးပေးပြီး တိုင်းတာခဲ့ရတဲ့ မြေနေရာတစ်ခုလုံးကို ဒရုန်းဖြင့် နာရီပိုင်းအတွင်း ပျံသန်းတိုင်းတာနိုင်ပြီး၊ LiDAR နည်းပညာဖြင့် အလွန်တိကျသော 3D မြေပုံကို ရရှိစေပါတယ်။ ဒီအချက်ဟာ မြေတူး၊ မြေဖို့ လုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အတိအကျ တွက်ချက်နိုင်စေပါတယ်။
ဒီဇိုင်းနှင့် စီမံကိန်းရေးဆွဲခြင်း - ရရှိလာသော 3D မြေပုံကို BIM (Building Information Modeling) ဆော့ဖ်ဝဲလ်ထဲသို့ ထည့်သွင်းပြီး အဆောက်အအုံဒီဇိုင်းကို လက်တွေ့မြေပြင်နှင့် အံဝင်ခွင်ကျဖြစ်အောင် ချိန်ညှိနိုင်ပါတယ်။
တည်ဆောက်နေစဉ် (During Construction)အဆင့်
လုပ်ငန်းတိုးတက်မှု ခြေရာခံခြင်း (Progress Monitoring) - နေ့စဉ် (သို့) အပတ်စဉ် ဒရုန်းပျံသန်းပြီး လုပ်ငန်းခွင်တစ်ခုလုံးကို ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးထားနိုင်ပါတယ်။ ဒါကို "As-Built" (လက်တွေ့တည်ဆောက်ပြီးစီးမှု) နှင့် "As-Designed" (မူလဒီဇိုင်း) တို့ကို နှိုင်းယှဉ်စစ်ဆေးနိုင်ပြီး အချိန်ဇယားအတိုင်း အလုပ်ပြီးစီးမှုရှိ၊ မရှိကို အလွယ်တကူ သိရှိနိုင်ပါတယ်။
ပစ္စည်းများကို စီမံခန့်ခွဲခြင်း (Inventory Management) - လုပ်ငန်းခွင်ထဲရှိ သဲပုံ၊ ကျောက်ပုံ၊ မြေကြီးပုံများ၏ ထုထည်ကို ဒရုန်းဖြင့် တွက်ချက်နိုင်သောကြောင့် ပစ္စည်းဘယ်လောက်ကျန်သေးလဲ? ဘယ်လောက်ထပ်မှာရန် လိုအပ်တာကို အတိအကျ သိရှိနိုင်ပါတယ်။
ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်း (Safety Inspections) - အလုပ်သမားများ အန္တရာယ်များစွာနဲ့ တက်ရောက်စစ်ဆေးရမယ့် အမြင့်ပိုင်းနေရာများ၊ တည်ဆောက်ပုံများကို ဒရုန်းဖြင့် အန္တရာယ်ကင်းကင်း စစ်ဆေးနိုင်ပါတယ်။
( ဥပမာ- ငြမ်းများခိုင်ခံ့မှု၊ အလုပ်သမားများ ဘေးကင်းရေးခါးပတ် (Safety Harness) ဝတ်ဆင်ထားမှု ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးနိုင်ခြင်း)
စီမံကိန်း ပြီးစီးပြီးနောက် (Post-Construction Phase)အဆင့်
အရည်အသွေး စစ်ဆေးခြင်း (Quality Assurance) - အဆောက်အအုံတစ်ခုလုံး ပြီးစီးသွားသည့်အခါ လူရဲ့မျက်စိဖြင့် မမြင်နိုင်တဲ့ အသေးစိတ်နေရာများကို (ဥပမာ- အမိုး၊ နံရံအမြင့်ပိုင်း) ဒရုန်းဖြင့် အနီးကပ်ရိုက်ကူးပြီး အရည်အသွေး ပြည့်မီမှုရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။။ Thermal Sensor ဖြင့် အပူစိမ့်ထွက်မှု ဖြစ်နေတဲ့ နေရာများကို ရှာဖွေနိုင်ပါတယ်။
ပြုပြင်ထိန်းသိမ်းရေး (Maintenance) - တံတားများ၊ လေအားလျှပ်စစ်တာဘိုင်တိုင်ကြီးများ၊ အထပ်မြင့်အဆောက်အအုံများရဲ့ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးအတွက် ဒရုန်းဖြင့် ပျက်စီးယိုယွင်းမှုများကို ကြိုတင်ရှာဖွေနိုင်ပါတယ်။
စျေးကွက်မြှင့်တင်ရေး (Marketing): ပြီးစီးသွားသော အဆောက်အအုံရဲ့ ခမ်းနားထည်ဝါမှုကို အလွန်လှပတဲ့ ကောင်းကင်မြင်ကွင်း (Aerial Shots) များဖြင့် ရိုက်ကူးပြီး
စျေးကွက်မြှင့်တင်ရေးအတွက် အသုံးပြုနိုင်သေးပါတယ်။
အချုပ်ဆိုရရင်တော့ ဒရုန်းများဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် စရိတ်ကို လျှော့ချပေးပြီး အချိန်ကို ချွေတာပေးပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကို လျော့နည်းစေပြီး၊ ယခင်ကထက် ပိုမိုတိကျတဲ့ အချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။
Drons ဆိုတာ ဆန်းသစ်သော ကိရိယာတစ်ခုမျှသာမဟုတ်တော့ဘဲ၊ ခေတ်မီ၊ အကျိုးအမြတ်များပြီး ဘေးကင်းလုံခြုံသော ဆောက်လုပ်ရေးစီမံကိန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အဖော်မွန် (Essential Partner) တစ်ဦး နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ Drones အသုံးပြုမှုဟာ 239% အထိတိုးတက်လာတယ်လို့သိရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း အနာဂါတ်မှာ Drones အသုံးပြုမှုတွေ ပိုမိုကျယ်ပြန့်လာမယ်လို့ မျှော်မှန်းမိပါတယ်။
ဒီလိုမျိုးအကြောင်းအရာလေးတွေ၊ Product Hightlight တွေ၊ ဆောက်လုပ်ရေးလုပ်လောကရဲ့ ဗဟုသုတတွေကို သိချင်ပါတယ်ဆို ကျွန်တော်တို့ SBGG Page ကို Like & Follow လုပ်ထားနော်။
♐️ SBGG
HOTLINE — 09 95 424 5866
📍 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
website — sawbwargyigone.com
AppStore — https://apple.co/3sYi6GD
PlayStore — https://bit.ly/45BHpmp
Rebar (ပန်းသံ) နဲ့ ဘိလပ်မြေ updated ဈေးတွေအတွက် 👇🏼ဒီ channel လေးကို join ထားပေးပါနော်။
Facebook — https://www.messenger.com/channel/SBGG.SawBwarGyiGone
Viber — https://invite.viber.com/?g2=AQAfw%2BCKWl04K09jpXRwd0DmZ%2BpA8y8izTKvea%2B6U7SVqIkxTHTzTatl4OPs%2BG9T
အိမ်ဆောက်မှာလား... SBGG ရှိတယ်!!
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!